သက် လူမျိုးတွေကို အကာအကွယ်ပေးဖို့ တောင်းဆို ဆန္ဒပြ

ဓာတ်ပုံ ရင်းမြစ်, Nirinjara news
ရေးသားခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့ ဒေသခံ ရခိုင် လူမျိုး ၃၀၀ ခန့်ဟာ မောင်းတောမြို့ရှီ UNHCR ရုံးရှေ့မှာ စုဝေးပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်း ဒေသ ရန်ဂါမတီ ခရိုင် လောင်ကတုံးဒေသမှာ လူနည်းစု ဗုဒ္ဓဘာသာဝင် ချက်ကမာလို့ ခေါ်တဲ့ သက် လူမျိုးတွေကို ဘင်္ဂလီ အခြေချနေထိုင်သူများက တိုက်ခိုက်နေမှုကို ရပ်တန့်ရေးနဲ့ သူတို့ကို အကာအကွယ်ပေးဖို့ မနေ့က တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
UN အနေနဲ့ ဘင်္ဂလာဒေ့ရှ် အစိုးရကို ခုလို တိုက်ခိုက်နေတာကို အရေးယူ ဆောင်ရွက်ပေးဖို့နဲ့ လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
အခုလို ဇွန်လ ၂ ရက်နေ့က တိုက်ခိုက်ခံရတဲ့ အတွက် ရန်ဂါမတီ ခရိုင် လောင်ကတုံးဒေသမှာ လူနည်းစု ဗုဒ္ဓဘာသာဝင် ၆ ဦးသေဆုံးပြီး အိမ်ခြေ ၂၀၀ ကျော်မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။









