စစ်ခုံရုံးမှာ အရပ်သားတွေ ပထမဆုံးနားထောင်ခွင့်ရ

ဓာတ်ပုံ ရင်းမြစ်, photo: free burma rangers
ရေးသားခဲ့သည်။
မန်စီမြို့မိုင်းခေါင် ဒုက္ခသည်စခန်းမှာနေထိုင်သူ ဒုက္ခသည် ၃ ဦး သတ်ဖြတ်မှုကို စစ်ဆေးနေတဲ့ စစ်ခုံရုံးကြားနာမှုမှာ အရပ်သားတွေကို ပထမဦးဆုံးတက်ရောက် နားထောင်ခွင့်ပြုခဲ့ပါတယ်။
တပ်မတော်သားနဲ့ အရာရှိ ၅ ဦးက ဒုက္ခသည်စခန်းက ကချင်လူမျိုး ၃ ဦးကို သတ်ဖြတ်ခဲ့တာ ဟုတ်မှန်ကြောင်း ထွက်ဆိုကြပြီး တပ်ရင်း ၃၁၉ ရဲ့ တပ်ရင်းမှူးကတော့ သူအမိန့်ပေးခိုင်းစေတာမဟုတ်ဘူးလို့ ငြင်းဆိုနေကြောင်း တရားရုံးကို သွားရောက်နားထောင်ခဲ့သူ ကေဘီစီ ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ဝင်တဦးက ဘီဘီစီကို ပြောပါတယ်။
ကချင်လူမျိုး အင်ခွန်ဂမ်အောင်၊ လဗျမ်နော်၊ မရမ်ဘရန်ဆိုင်းတို့ကို မြန်မာ့တပ်မတော် ခြေမြန် တပ်ရင်း ၃၁၉ ကတပ်မတော်သားတချို့က မေလ ၂၅ ရက်နေ့တုန်းက ခေါ်ယူသွားခဲ့ပြီးနောက်မှာ သူတို့အလောင်းတွေကိုပဲ ပြန်တွေ့ခဲ့ရတာဖြစ်ပါတယ်။








