ကမ္ဘာ့ဖလားမှာ ဘယ်ဂျီယံနဲ့ အင်္ဂလန်တို့ ဆုံတွေ့

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်ပွဲစဉ်တွေကို မဲနှိုက် အပြီးမှာတော့ ဘယ်ဂျီယံနဲ့ အင်္ဂလန်က အုပ်စု G မှာ အတူကျရောက်ပြီး ယူရိုချန်ပီယံ ပေါ်တူဂီ က စပိန်နဲ့ အုပ်စု B မှာ ဆုံတွေ့မှာ ဖြစ်ပါတယ်။
အိမ်ရှင် ရုရှားအသင်းက အုပ်စု A မှာ အီဂျစ်၊ ဥရုဂွေး၊ ဆော်ဒီအာရေဗျတို့နဲ့ ကစားရမှာ ဖြစ်လို့ နောက်တစ်ဆင့်တက်ဖို့ အခွင့် အရေး များလာခဲ့ပါတယ်။
ကမ္ဘာ့ချန်ပီယံ ဂျာမနီ အသင်းကတော့ မက္ကဆီကို၊ ဆွီဒင်၊ တောင်ကိုးရီးယားတို့နဲ့ ဆုံတွေ့မှာဖြစ်ပြီး အင်္ဂလန်က ဘယ်ဂျီယံ၊ တူနီးရှား၊ ပနားမားတို့နဲ့ အတူကျမှာ ဖြစ်ပါတယ်။
အုပ်စုပွဲတွေ မဲခွဲအပြီးမှာတော့ အုပ်စု D ကအကြိတ်အနယ်ရှိဆုံး အုပ်စု ဖြစ်လာ ဖို့ရှိပါတယ်။
အဲဒီအုပ်စုမှာတော့ အာဂျင်တီးနား၊ ခရိုအေးရှား၊ အိုက်စလန်၊ နိုက်ဂျီးရီးယားတို့ ပါဝင်မှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ လာမယ့်နှစ် ဇွန်လ ၁၄ရက်နေ့မှာ စတင်မှာဖြစ်ပြီး အိမ်ရှင် ရုရှားနဲ့ ဆော်ဒီအာရေဗျတို့ ကစားကြမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အုပ်စု A - ရုရှား၊ အီဂျစ်၊ ဥရုဂွေး၊ ဆော်ဒီအာရေဗျ
အုပ်စု B - ပေါ်တူဂီ၊ စပိန်၊ အီရန်၊ မော်ရိုကို
အုပ်စု C - ပြင်သစ်၊ ပီရူး၊ ဒိန်းမတ်၊ သြစတြေးလျ
အုပ်စု D - အာဂျင်တီးနား၊ ခရိုအေးရှား၊ အိုက်စလန်၊ နိုက်ဂျီရီးယား၊
အုပ်စု E - ဘရာဇီးလ်၊ ဆွစ်ဇာလန်၊ ကော်စတာရီကာ၊ ဆားဘီးယား
အုပ်စု F - ဂျာမနီ၊ မက္ကဆီကို၊ ဆွီဒင်၊ တောင်ကိုရီးယား
အုပ်စု G - ဘယ်ဂျီယံ၊ အင်္ဂလန်၊ တူနီးရှား၊ ပနားမား
အုပ်စု H - ပိုလန်၊ ကိုလံဘီယာ၊ ဆီနီဂေါ၊ ဂျပန်












