ဗီယက်နမ် ပေါလစ်ဗျူရို အဖွဲ့ဝင်ဟောင်း ထောင်ဒဏ် ချမှတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Reuters
ရေးသားခဲ့သည်။
ဗီယက်နမ် နိုင်ငံမှာ ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရို အဖွဲ့ဝင်ဟောင်းတဦးကို အဂတိ လိုက်စားမှု စွဲချက်နဲ့ ထောင်ဒဏ် ၁၃နှစ် တရားရုံးက ချမှတ်လိုက်ပါတယ်။
Petro Vietnam အစိုးရ ရေနံ ကုမ္ပဏီရဲ့ ဥက္ကဋ္ဌဟောင်း တဦး ဖြစ်သူ ဒင် လ ထန်း ဟာ ဗီယက်နမ် နိုင်ငံမှာ ဆယ်စုနှစ်ပေါင်း များစွာအတွင်း ရာထူး အမြင့်ဆုံး ပြစ်မှုထင်ရှားတဲ့ နိုင်ငံရေး သမား ဖြစ်ပါတယ်။
တခြား အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ် ၂၀လည်း ထောင်ဒဏ် ချမှတ် ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့နှစ်က ဂျာမနီနိုင်ငံကနေ မတရား ထိန်းသိမ်း ခံခဲ့ရတယ် ဆိုတဲ့ ရေနံကုမ္ပဏီ အမှုဆောင်အကြီးအကဲဟောင်း ထရန် ဇီထန်းလည်း တသက်တကျွန်း ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။
ဒီရုံးတင် စစ်ဆေးမှုဟာ ကွန်မြူနစ်ပါတီ ရှေးရိုးစွဲ အုပ်စုခွဲတခုက သူတို့ရဲ့ အာဏာပြန် ခိုင်မြဲအောင် လုပ်ဖို့ ကြိုးပမ်းမှုလို့ အများက ရှုမြင်ကြပါတယ်။








