အက်ဖရင်မြို့ကို တူရကီ ထိန်းချုပ်
ရေးသားခဲ့သည်။
ဆီးရီးယား မြောက်ပိုင်းက အက်ဖရင် မြို့ကိုမဟာမိတ် ဆီးရီးယား တပ်တွေရဲ့ အထောက်အကူနဲ့တူရကီ တပ်တွေ ဝင်ရောက်နိုင်ခဲ့ပြီးတဲ့နောက်မှာပဲ မြို့ကို တူရကီတပ်
တွေက ထိန်းချုပ်ထားလိုက်ပြီဖြစ်တယ်လို့ တူရကီ သမ္မတ က ပြောပါတယ်။
တူရကီဟာ အဲဒီ မြို့ကို ရဖို့ ဆီးရီးယား မြောက်ပိုင်းက ကာ့ဒ်တပ်တွေနဲ့ ၂ လ နီးပါး တိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။ ကာ့ဒ် အာဏာပိုင်တွေကတော့တူရကီနဲ့ ဆီးရီးယား တပ်တွေရှိတဲ့နေရာတိုင်းကို အခွင့်အရေး ရရင်ရသလို တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
ကိုအောင်သွင်က ပြောပြမှာပါ။