စစ်တွေ၊ အောင်တိုင်ရွာမှာ အလောင်း ၂၀ ခန့်တွေ့ရှိ
စစ်တွေ၊ အောင်တိုင်ရွာမှာ အလောင်း ၂၀ ခန့်တွေ့ရှိ
ရေးသားခဲ့သည်။
စစ်တွေ မြို့နယ်၊ အောင်တိုင် ကျေးရွာအနီးမှာ လူသေ အလောင်း ၂၀ လောက်ကို ဇွန်လ ၈ ရက်နေ့မှာ တွေ့မြင်ခဲ့ရတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။ အလောင်းအတော်များများဟာ မျက်နှာကို အဝတ်နဲ့ စည်းပြီး သတ်ဖြတ်ခံထားရတဲ့ ပုံစံမျိုး ဖြစ်တယ်လို့လည်း ပြောဆိုကြပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်တုန်းကလည်း ဗျိုင်းဖြူရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး အရပ်သား အများအပြား သတ်ဖြတ်ခံရတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက်မှာ နောက်ထပ် လူသေ အလောင်းအစုလိုက် ထပ်မံတွေ့ရှိရတာလည်း ဖြစ်ပါတယ်။ မသီရိဇော်က ပြောပြပေးမှာပါ။ ဒီသတင်းထဲမှာ စိတ်အနှောင့်အယှက် ဖြစ်စရာ အကြောင်းအရာတွေ ပါဝင်နိုင်ကြောင်း ကြိုတင် သတိပေးအပ်ပါတယ်။



