စစ်ဘေးရှောင် နေရာတွေကိုပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရ

ဗီဒီယို ပုံစာ, စစ်ဘေးရှောင် နေရာတွေကိုပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရ
ရေးသားခဲ့သည်။

ကယားပြည်နယ် လွိုင်ကော်မြို့တော်အပါအဝင် တချို့မြို့နယ်တွေမှာ စစ်တပ်နဲ့ ဒေသ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

စစ်ရှောင်စခန်းတွေ၊ လူနေရပ်ကွက်တွေထဲကိုပါ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ဆက်ရှိနေတယ်လို့ အဲဒီ ဒေသက လူတွေက ပြောပါတယ်။

ပစ်ခတ်မှုအတွင်းမှာ အိမ်တွေ ဘာသာရေးအဆောက်အဦးတွေလည်း ပျက်စီးပြီး လူထိခိုက်မှုလည်းရှိနေပါတယ်။

ကိုဟိန်းကိုစိုးပြောပြပါမယ်။