စစ်ရှောင် ကာလကြာလာပြီး မိုးတွင်း၀င်လာလို့ နေရေးခက်တဲ့အပြင် စားစရာပါမရှိ

ဗီဒီယို ပုံစာ, စစ်ရှောင် ကာလကြာလာပြီး မိုးတွင်း၀င်လာလို့ နေရေးခက်တဲ့အပြင် စားစရာပါမရှိ
ရေးသားခဲ့သည်။

မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကရင်နီ ဒေသက စစ်ဘေးရှောင်ရသူတွေ စစ်ရှောင် ကာလကြာလာပြီး မိုးတွင်း၀င်လာပြီဖြစ်လို့ နေရေးထိုင်ရေး အပြင် စားနပ်ရိက္ခာပြတ်လပ်မှုပါ ရင်ဆိုင်နေရပါတယ်။

အထူးသဖြင့် ပေါက်မြို့နယ်က စစ်ဘေးရှောင်တွေဆို ရိက္ခာမရှိတော့လို့ ဆန်အစား ကြွေးဥ လို့ခေါ်တဲ့ ဖွတ်စာဥ တွေကို တူးဖော်စားသောက် နေကြရတဲ့အထိ ဖြစ်လာနေတဲ့ အခြေအနေကို ကိုကျော်ဇေယျက ပြောပြပေးပါမယ်။