ကျေးရွာတွေလည်း ဆက်လက် မီးရှို့ခံနေရတုန်းလို့ဆို
ရေးသားခဲ့သည်။
စစ်ကိုင်းတိုင်းထဲက မြင်းမူအပါအဝင် မြို့နယ် တချို့မှာ စစ်ကောင်စီက စစ်ကြောင်းထိုးတာတွေဆက်ရှိနေပြီး စစ်ကြောင်းဖြတ်ရာ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း အစပ်ကရွာတွေမှာ ပြီးခဲ့တဲ့ ၂ ရက်အတွင်း ဒေသခံ ၇ ယောက် ထက်မနည်း သတ်ဖြစ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျေးရွာတွေလည်း ဒီကနေ့အထိ ဆက်လက် မီးရှို့ခံနေရတုန်းလို့ ဆိုပါတယ်။
အဲဒီ စစ်ကိုင်းတိုင်နဲ့ မကွေးတိုင်း ဘက်က အခြေအနေတွေကို ကိုသိမ်းမြတ်က ပြောပြပါမယ်။