ပြည်သူ့ကာကွယ်ရေး အဖွဲ့က ၆ ဦး သေဆုံးတယ်လို့ ဒေသခံတွေပြော
ရေးသားခဲ့သည်။
စစ်ကိုင်တိုင်း ဝက်လက်မြို့နယ်မှာ သုံးရက်ဆက်တိုက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေက ရွာ ၃ ရွာကို မီးရှို့ ခဲ့ပြီးနောက် ဒီကနေ့ မနက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေး အဖွဲ့က ၆ ယောက် သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာလည်း ဒီနေ့မှာ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်တာ ဆက်ရှိနေပါတယ်။
အဲဒီဘက်က စစ်ရေးအခြေအနေတွေကို ကိုမိုးမြင့်က ပြောပြမှာပါ။