တစ်လကြာမြင့်နေပြီဖြစ်တဲ့ ပင်လောင်းတိုက်ပွဲ

ဗီဒီယို ပုံစာ, တစ်လကြာမြင့်နေပြီဖြစ်တဲ့ ပင်လောင်းတိုက်ပွဲ
ရေးသားခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်မှာ ဒေသခံ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီ တပ်တွေ အကြား တိုက်ပွဲ ဖြစ်နေတာ တစ်လကြာမြင့်နေပြီဖြစ်ပါတယ်။

အဲဒီမှာ စစ်ဘေးရှောင်တွေလည်း တိုးလာနေပြီး စားရေး ရိက္ခာ အခက်အခဲတွေနဲ့ လည်း ရင်ဆိုင်နေရပါတယ်။ စစ်ကောင်စီ ဘက်က အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေတာကြောင့် တိုက်ပွဲပြင်းထန်လာနိုင်တယ်ဆိုပြီး ဒေသခံကာကွယ်ရေး အဖွဲ့တွေက သတိပေးနေပါတယ်။ မစန္ဒာဝင်းက ဆက်ပြီး ပြောပြပေးမှာပါ။