တပ်ထောက်ခံသူတွေ သတ်ဖြတ်ခံရမှု စစ်ကောင်စီကို မေးခွန်းထုတ်

ဗီဒီယို ပုံစာ, တပ်ထောက်ခံရသူတွေ သတ်ဖြတ်ခံရမှု စစ်ကောင်စီကို မေးခွန်းထုတ်
ရေးသားခဲ့သည်။

အာဏာသိမ်း စစ်တပ်ကို ပေါ်ပေါ်ထင်ထင် ထောက်ခံခဲ့ကြသူတွေထဲက လူသိများသူ တချို့ ဆက်တိုက် သတ်ဖြတ်ခံရပြီးတဲ့နောက်မှာ တပ်ထောက်ခံကြသူတွေအကြား စိုးရိမ်ထိတ်လန့်မှုတွေ ရှိလာပါတယ်။

သူတို့ရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့လည်း စစ်ကောင်စီကို မေးခွန်းပြန်ထုတ်လာကြသလို၊ ထောက်ခံမှုတွေ မလုပ်တော့ဘူး ဆိုတဲ့ အကြောင်း လူမှုကွန်ရက်မှာ ရေးသားပြောဆို လာသူတွေလည်း ရှိနေပါတယ်။ တဖက်မှာလည်း NLD ပါတီကို ထောက်ခံသူတွေလည်း သတ်ဖြတ်ခံရမှုတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ အကြောင်းစုံကို မသီဒါနွယ်က ပြောပြပေးမှာပါ။