
မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ တရားစီရင်မှုတွေ မရှိသေးတာ၊ အစိုးရကို ဝေဖန်သူတွေ အပစ်ပေး အရေးယူခံရနိုင်တဲ့ အခြေအနေတွေ ရှိနေသေးတာကြောင့် အပြောင်းအလဲတွေ နောက်ကြောင်း ပြန်လှည့်နိုင်တဲ့ အန္တရာယ်တွေ ရှိပါသေးတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလည် မစ္စတာ ကင်တားနားက ယူဆပါတယ်။
မြန်မာအစိုးရတာဝန်ရှိသူတွေကတော့ အပြောင်းအလဲတွေဟာ နောက်ကြောင်း ပြန်မလှည့်နိုင်တော့ဘူးလို့ အခိုင်အမာပြောနေကြပါတယ်။
ဒီတော့ အခုမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေဟာ နောက်ကြောင်းပြန်မလှည့်နိုင်တဲ့ အနေအထားကို ရောက်လာပြီလား၊
သောတရှင်တွေ ဘယ်လိုယူဆပါသလဲ။
သောတရှင်တွေရဲ့ အတွေးအမြင် အယူအဆတွေကို လာမယ့် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ ဗုဒ္ဓဟူးနေ့ည လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။
ဘီဘီစီကို ဖုန်းနဲ့ဖြစ်စေ burmese@bbc.co.uk ကိုအီမေးလ်နဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။
တယ်လီဖုန်းနဲ့ ဆက်သွယ်မယ်ဆိုရင် ၀၀ ၄၄ ၂၀၇ ၅၅၇ ၁၇၆၄ ကိုအမြန်ဆက်သွယ်ကြဖို့ ဖိတ်ခေါ်ပါတယ်။
အောက်ပါကွက်လပ်ကို ဖြည့်ပြီးလဲ ပေးပို့နိုင်ပါတယ်။

