စစ်တပ်ထိန်းချုပ်မှုအောက်ရောက် ဇင်ဘာဘွေ

ဗီဒီယို ပုံစာ, စစ်တပ်ထိန်းချုပ်မှုအောက်ရောက် ဇင်ဘာဘွေ
ရေးသားခဲ့သည်။

ဇင်ဘာဘွေ မြို့တော် ဟရာရီမှာတော့ နိုင်ငံပိုင် ရုပ်သံလွှင့်ရုံကို စစ်တပ်က သိမ်းလိုက်ပြီးနောက် မြို့ထဲမှာ သံချက်ကာ ကားတွေ စစ်သားတွေ ကင်းလှည့်နေပါတယ်။ မြို့ထဲမှာလည်း သေနတ်သံ ပေါက်ကွဲသံတွေ ကြားခဲ့ရပါတယ်။ စစ်ဗိုလ်ချုပ်တစ်ဦးကတော့ ရုပ်မြင်သံကြားကနေ ပြောရာမှာ ဒါဟာ စစ်အာဏာသိမ်းတာ မဟုတ်ပဲ သမ္မတ မူဂါဘီနဲ့ မိသားစုဟာ ကျန်းမာလုံခြုံစွာ ရှိနေပါတယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူတို့ဟာ သမ္မတ မူဂါဘီရဲ့ ပတ်ဝန်းကျင်က ရာဇဝတ်သားတွေကို ဦးတည်ပြီး အခုလို ဆောင်ရွက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ တောင်အာဖရိက သမ္မတ ဂျက်ကော့ ဇူးမားကပြောရာမှာတော့ သူနဲ့ မစ္စတာ မူဂါဘီ ဖုန်းပေါ်ကနေ စကားပြောရပြီး မစ္စတာ မူဂါဘီဟာ လုံခြုံစွာ ရှိပေမယ့် သူ့အိမ်မှာပဲ နေနေရတယ်လို့ ပြောပါတယ်။ အခုကိစ္စဟာ သူ့ကို ဖယ်ရှားဖို့ လုပ်တယ်လို့ ယူဆရပါတယ်။ ဇင်ဘာဘွေမှာ အခုလို နိုင်ငံရေး အကျပ်အတည်း ဖြစ်လာတာက ဘယ်လိုအကြောင်းရင်းတွေ စတင်ခဲ့သလဲဆိုတာကို ကိုကျော်ဇေယျက ပြောပြမှာပါ။