မစ္စတာ တေလာဆင် ပူးတွဲသတင်းစာရှင်းလင်းပွဲ
ရေးသားခဲ့သည်။
မြန်မာနိုင်ငံကို တစ်ရက်တာ ခရီးစဉ်အဖြစ် ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ် တေလာဆင်က ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ တိုက်တွန်း လိုက်ပါတယ်။ သမ္မတထရမ့်လက်ထက် အဆင့်မြင့်ဆုံး အမေရိကန်ကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံ ကို ရောက်လာတဲ့ မစ္စတာ တေလာဆင်ဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သီးခြားတွေ့ဆုံခဲ့သလို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့လည်း သီးခြား တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ မစ္စတာ တေလာဆင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သတင်းစာ ရှင်းလင်းပွဲအတွင်း ကောက်နှုတ်ချက်အချို့ကို ရှုစားနိုင်ပါတယ်။