ဆီးရီးယား စစ်ပြေး ဒုက္ခသည်ကလေးတွေကို အာဆင်နယ်ကူညီ

ဗီဒီယို ပုံစာ, ဆီးရီးယား စစ်ပြေး ဒုက္ခသည်ကလေးတွေကို အာဆင်နယ်ကူညီ
ရေးသားခဲ့သည်။

ဂျော်ဒန်က ဇာတာရီ ဒုက္ခသည်စခန်းမှာ ဆီးရီးယား စစ်ပြေးဒုက္ခသည် ကလေးပေါင်း ၄၀၀၀၀ လောက် ရှိပါတယ်။ အဲဒီထဲက အများစုဟာလည်း စစ်ရဲ့အနိဌာရုံတွေကိုကြုံတွေ့ခဲ့ရသူတွေ ဖြစ်ပါတယ်။ အခုတော့ ပရဟိတ အဖွဲ့Save the Children နဲ့ အာဆင်နယ် ဘောလုံးအသင်းတို့ ပူးပေါင်းပြီး အဲဒီကလေးတွေ ကိုယ်ရောစိတ်ပါ ကျန်းမာစေဖို့ အတွက် ကူညီပံ့ပိုးမှုတွေ ပေးနေပြီဖြစ်ပါတယ်။

အရင် အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်းနဲ့ ကမ္ဘာ့ဖလားရ ဂျာမနီ အသင်းတို့မှာ ကစားခဲ့တဲ့ ပါမက်တာဆက်ကာ က အဲဒီမှာ သွားရောက် ဆောင်ရွက်ပေးနေပါတယ်။

မရီရီအောင်က ပြောပြမှာပါ။