ရန်ကုန် က အချက်အချာကျတဲ့နေရာတွေမှာ ဗုံးကွဲမှုတွေဖြစ်

ဗီဒီယို ပုံစာ, ရန်ကုန် က အချက်အချာကျတဲ့နေရာတွေမှာ ဗုံးကွဲမှုတွေဖြစ်
ရေးသားခဲ့သည်။

ရန်ကုန်မြို့ အချက်အချာကျတဲ့နေရာတွေမှာ တနေ့ထဲ ဗုံးလေးခါ ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သလို၊ မြန်မာနိုင်ငံ အလယ်ပိုင်းက မြို့ရွာတွေမှာလည်း ဖိနှိပ်မှုတွေကြားက ပျောက်ကြားသပိတ်တွေ ဆင်နွှဲနေကြပါတယ်။ တခါ ကနီနဲ့ ဘုတလင်ဘက်မှာလည်း ဒေသခံ ကာကွယ်ရေး တပ်တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့လို့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒီသတင်းတွေကိုတော့ မအိမ့်ခိုင်ဉီးက ဆက်ပြောပြပေးမှာပါ။