အီတလီမှာ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပ

ဓာတ်ပုံ ရင်းမြစ်, EPA
ရေးသားခဲ့သည်။
အီတလီဝန်ကြီးချုပ် ရာထူးနေရာကို သက်ရောက်မှုရှိနိုင်မယ့် ပြည်သူ့ဆန္ဒခံယူပွဲကို အီတလီပြည်သူတွေ မဲပေးနေကြပါတယ်။
ဒီဆန္ဒခံယူပွဲဟာ အစိုးရကို ပါလီမန်ထက် အာဏာပိုပေးဖို့ သင့်မသင့် ပြည်သူတွေကို ရွေးချယ်စေတာ ဖြစ်ပါတယ်။
အာဏာပိုပေးဖို့ မသင့်လို့ ပြည်သူတွေက ဆုံးဖြတ်ခဲ့ရင် နုတ်ထွက်မယ်လို့ ဝန်ကြီးချုပ် မက်တီယို ရန်ဇီက ပြောဆိုထားပါတယ်။
အီတလီနဲ့ ဥရောပသမဂ္ဂ ဆက်ဆံရေးကို ပြန်လည် သုံးသပ်ဖို့ ရည်ရွယ်ချက်နဲ့ အာဏာပိုမပေးဖို့ စည်းရုံးရေးလုပ်နေတဲ့ ကြယ်ငါးပွင့်အဖွဲ့က အောင်မြင်မှုရဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။
ဒီအခြေအနေတွေဟာ ဥရောပ သမဂ္ဂရော အီတလီမှာပါ နိုင်ငံရေး မရေရာမှုတွေ တိုးပွားစေမယ်လို့ ဒေသတွင်း ဘီဘီစီ သတင်းထောက်တွေက ပြောပါတယ်။








