တူရကီမှာ နှစ်သစ်ကူးည သေနတ်သမား ဖမ်းမိပြီ

ရေးသားခဲ့သည်။
တူရကီ နိုင်ငံ အစ္စတန်ဘူလ် မြို့က နိုက်ကလပ် တစ်ခုထဲ နှစ်သစ်ကူး ည တုန်းက သေနတ်နဲ့ ပစ်ခတ် ခဲ့သူလို့ အဓိက သံသယ ရှိရတဲ့ Abdulkadir Masharipov ဆိုသူကို ဖမ်း ဆီး ရရှိ မိထားပြီ ဆိုပြီး တူရကီ မီဒီယာတွေက ရေးသား နေပါတယ်။
အဲဒီသူကို အစ္စတန်ဘူလ်မြို့က အက်ဆင်ယော့ထ် ဆိုတဲ့ အရပ်မှာ ဖမ်းမိ ခဲ့တာလို့ ဆိုပါတယ်။
Abdulkadir Masharipov ဟာ ဥဇဘက် လူမျိုး ဖြစ်တယ်လို့ တူရကီ အာဏာပိုင် တွေက ပြောပါတယ်။
နိုက်ကလပ် တိုက်ခိုက် ခံခဲ့ရမှု အတွင်း လူပေါင်း ၃၉ ယောက် သေဆုံး ခဲ့ရပါတယ်။
အဲဒီ တိုက်ခိုက်မှုဟာ ဆီးရီးယား ထဲ တူရကီရဲ့ စစ်ရေး ဆောင်ရွက်ချက် တွေကြောင့် လက်တုံ့ပြန် ရတာ ဖြစ်တယ် ဆိုပြီး အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့က ကြေညာ ထားပါတယ်။








