တရုတ်မှာ ဆေးရုံသုံး ပစ္စည်းတွေကြောင့် အိတ်ချ်အိုင်ဗွီ ကူးစက်ခံရ

အိတ်ချ်အိုင်ဗွီ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အိတ်ချ်အိုင်ဗီ ရောဂါပိုး ပြန့်ပွားမှုနဲ့ လူထု အသိပညာ ပေးမှု တိုးတက်လာ
ရေးသားခဲ့သည်။

တရုတ်နိုင်ငံ ဟန်ကျိုးမြို့က ဆေးရုံတစ်ရုံမှာ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်နိုင်အောင် ပြုလုပ်ပေးတဲ့ အစီအစဉ်ကနေ အမှားအယွင်းကြောင့် လူငါးယောက်ကို အိတ်ချ်အိုင်ဗီပိုးကူးစေခဲ့ကြောင်း ဆေးရုံက ဝန်ခံခဲ့ပါတယ်။

လွှင့်ပစ်ရမယ့် သုံးပြီးသား ဆေးထိုးအပ်နဲ့ ဆေးရုံသုံး ကိရိယာတွေကို ပြန်သုံးခဲ့ရာက အခုလို ဖြစ်တာလို့ ဆိုပါတယ်။

အဲဒီလို အမှားအယွင်း လုပ်ဆောင်မှုကြောင့် လင်မယားစုံတွဲ ၃၀ လောက်အထိ ကူးစက်ခံခဲ့ရနိုင်တယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ဆေးရုံဝန်ထမ်း ငါးယောက်ကို အလုပ်က ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။

ဟန်ကျိုးဟာ တရုတ်ပြည်က ခေတ်မီမြို့ကြီးတွေထဲက တစ်ခု ဖြစ်ပါတယ်။