မန်ချက်စတာမြို့ တိုက်ခိုက်မှုမှာ သေဆုံးခဲ့သူတွေရဲ့ အမည်တွေ ထုတ်ဖော်ကြေညာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရေးသားခဲ့သည်။
မန်ချက်စတာမြို့ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူတွေဟာ ဘယ်သူဘယ်ဝါတွေ ဖြစ်တယ် ဆိုတာကို ပထမဆုံး ထုတ်ဖော် ကြေညာခဲ့ရာမှာ အဲဒီထဲမှာ မိခင်နဲ့အတူ ဂီတပွဲလာကြည့်တဲ့ ၈နှစ်အရွယ် ကလေးမလေးတဦး၊ ဘောလုံး အားကစား ထူးချွန်တဲ့ ၁၈နှစ်အရွယ် ကျောင်းသူလေးတဦးနဲ့ အသက် ၂၆နှစ် အရွယ် အမျိုးသားတဦးတို့ ပါဝင်ပါတယ်။
တခြား သေဆုံးသူ ဒါမှမဟုတ် ပျောက်ဆုံးနေဆဲ သူတွေထဲမှာလည်း ကလေးငယ်တွေ ပါဝင်တယ်လို့ သိရပါတယ်။
ဒဏ်ရာရသူ ၅၉ဦးထဲက အတော်များများဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ ရှိနေပါတယ်။
ထိခိုက်သေဆုံးခဲ့သူတွေအတွက် ဖယောင်းတိုင်ထွန်း ဆုတောင်းပွဲတခုကို မန်ချက်စတာမြို့မှာ ကျင်းပခဲ့ရာမှာ လူထောင်ပေါင်းများစွာ တက်ရောက်ခဲ့ပါတယ်။
ဗြိတိန်နိုင်ငံတဝန်းမှာလည်း အလားတူ ဆုတောင်းပွဲငယ်လေးတွေ ကျင်းပခဲ့ပါတယ်။








