အသေရရှိခဲ့တဲ့ တတိယမြောက်လူ ဘယ်သူလဲ ဆိုတာ ထုတ်ပြန်လာ

လန်ဒန် တံတား တိုက်ခိုက်မှုမှာ အသေ ဖမ်းဆီး မိတဲ့ တတိယမြောက် သူဟာ လန်ဒန် အရှေ့ပိုင်းမှာ နေတဲ့ Youssef Zaghba ဖြစ်ပြီး၊ အဲဒီသူကို စောင့်ကြည့် စာရင်းမှာ ထားပြီး သတိထား နေခဲ့တယ်လို့ အီတလီ ရဲက ဘီဘီစီကို အတည်ပြု ပြောကြားပါတယ်။
၂ဝ၁၆ မတ်လ ကဆိုရင် သူ့ကို ဘိုလိုနာ လေဆိပ်မှာ တားဆီး စစ်ဆေး ဖူးခဲ့ပြီး သူ့ မိုဘိုင်းဖုန်းမှာ IS နဲ့ နွယ်တဲ့ အကြောင်းအရာတွေ တွေ့ခဲ့တယ်နောက် သူ့ကို တူရကီ ဆက်သွားခွင့် မပေးဘဲ တားဆီး ခဲ့ပါတယ်။
မိုရိုကို အီတလီနွယ်ဖွား Zaghba ဟာ ပါကစ္စတန်မှာ မွေးတဲ့ ခူရမ် ဘတ် ၊ ရာရှစ်ဒ် ရက်ဒွမ်းတို့နဲ့ အတူ လန်ဒန်တံတားပေါ်မှာ ကားနဲ့ လမ်းသွား လမ်းလာတွေကို လိုက်ပြီး တိုက်ခဲ့သလို အနားက ဘာရာ စျေးထဲက လူတွေကို ဓားနဲ့လိုက်ထိုးခဲ့ပါတယ်။
တိုက်ခိုက်မှု သတင်းတွေကို အရေးပေါ် ဖုန်းလိုင်း ကနေ ရဲတပ်ဖွဲ့ ရရှိခဲ့ပြီး ၈ မိနစ် အတွင်းမှာ ဒီလူ ၃ ယောက်စလုံးကို ပစ်သတ် နိုင်ခဲ့တာ ဖြစ်ပါတယ်။
နောက် ရာရှစ်ဒ် ရက်ဒွမ်း ကတော့ Rachid Elkhdar နာမည်နဲ့ စားဖိုမှူး လုပ်နေခဲ့တာလို့ ဆိုပါတယ်။
မိုရိုကို လစ်ဗျား နွယ်ဖွား ရက်ဒွမ်း က ၂ဝ၁၂ တုန်းက အိုင်ယာလန် ဒပ်ဘလင်မှာ ဗြိတိသျှ အမျိုးသမီး တယောက်နဲ့ လက်ထပ်ပြီး နေခဲ့ဖူးတယ်လို့လည်း သိရပါတယ်။
အိုင်ယာလန် မွတ်ဆလင် ငြိမ်းချမ်းရေးနဲ့ ပေါင်းစည်းရေး ကောင်စီက ဥက္ကဋ္ဌ Dr Shaykh Umar al-Qadri ကတော့ သူ့နိုင်ငံမှာ အစွန်းရောက်ဝါဒကြီးစိုးလာတာကို စိုးရိမ်တယ်လို့
တိုက်ခိုက်မှု ဖြစ်ပြီးနောက် လူ ၁၂ ယောက်ကို ခုထိ တရား မစွဲဘဲ ဖမ်းထားပါတယ်။
စစ်ဆေး တွေ့ရှိချက်တွေ အရ အင်္ဂါ နေ့မှာလည်း ၂၇ နှစ်အရွယ် အမျိုးသား တယောက်ကို ဘာကင် ရပ်ကွက်မှာ ဖမ်းထားတယ်လို့ ရဲက ပြောပါတယ်။
အေးလ်ဖို့ဒ်ရပ်က နေရာတခုကိုလည်း တနင်္လာ ညက ဝင်ရှာပေမယ့် ဖမ်းဆီးတာတွေ မလုပ်ခဲ့ဘူးလို့ သိရပါတယ်။
ခုထိ ဆေးရုံမှာ လူ ၃၆ ယောက် ကုသပေးနေရပြီး ဒီထဲက ၁၈ ယောက် အခြေအနေက စိုးရိမ်ရဆဲ ဖြစ်ပါတယ်။
IS အစ္စလာမ္မစ် နိုင်ငံအုပ်စုက ဒီတိုက်ခိုက်မှုဟာ သူတို့ တပ်သားတွေ လက်ချက်နဲ့ ဆောင်ရွက်တာလို့ ဆိုပါတယ်။
ဒီဖြစ်ရပ် အတွက် ဗြိတိန် တနိုင်ငံလုံး ဝမ်းနည်းခြင်း အထိန်းအမှတ် တမိနစ် ငြိမ်သက်တာကိုလည်း ဇွန်လ ၆ ရက်နေ့က ပြုလုပ် ခဲ့ကြပါတယ်။












