ဆီယာရာ လီယွန်းနိုင်ငံ မြေပြိုမှု လူရာနဲ့ချီ သေဆုံးနိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရေးသားခဲ့သည်။
Sierra Leone နိုင်ငံမှာ မိုးသည်းထန်မှုကြောင့် Freetown မြို့တော်နားက ရပ်ကွက်တခုပေါ် တောင်ကုန်းတခု ပြိုကျခဲ့အပြီး လူသေအလောင်း အများအပြား ပြန်လည် ရှာတွေ့ခဲ့ပါတယ်။
အမျိုးသမီးတဦးက သူ့ရဲ့မိသားစုဝင် ၁၁ဦး သေဆုံးခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။
မြေပြိုမှု ဖြစ်ပွားရာနေရာကို သွားရောက် ကြည့်ရှုနေတဲ့ ဒုတိယ သမ္မတက လူရာပေါင်းများစွာ သေဆုံးခဲ့ဘွယ် ရှိတယ်လို့ ပြောပါတယ်။
ဒီကနေ့ မနက်လင်းအားကြီးအချိန်က Regentလို့ အများသိကြတဲ့ ရပ်ကွက်တခုမှာ မိုးသည်းထန်မှုကြောင့် တောင်ကုန်းပြိုကျခဲ့ရာမှာ အိမ်အတော်များများ မြေကြီးတွေ ဖုံးလွှမ်းသွားခဲ့ပါတယ်။








