ဖလော်ရီဒါမှာ မုန်တိုင်းမလာခင် လူ ၆ သန်း ထွက်ပြေး

hurricane

ဓာတ်ပုံ ရင်းမြစ်, Mark Wilson

ဓာတ်ပုံ ပုံစာ, ခိုလှုံရေး စခန်းတွေလည်း စဖွင့်နေ
ရေးသားခဲ့သည်။

ဖလော်ရီဒါမှာ အာရ်မာ ဟာရီကိန်း မုန်တိုင်းကြီး မလာခင်မှာ လူ ၆ သန်းလောက် အိမ်တွေ စွန့်ခွာ ထွက်ပြေး နေရပါပြီ။ မုန်တိုင်းက မနက်ဖန် အဲဒီဝင်မယ်လို့ ခန့်မှန်းနေကြပါတယ်။

မုန်တိုင်း လမ်းကြောင်းက ထွက်မပြေးနိုင်သူတွေ သေဆုံးနိုင်လို့ စွန့်ခွာပြေးကြဖို့လည်း အမေရိကန် ဟာရီကိန်း ဌာနက သတိပေးထားပါတယ်။

မိုင်ယာမီမှာ ကျန်နေသေးသူတွေကိုတော့ ထွက်ပြေးဖို့ သိပ်နောက်ကျနေလို့ ခိုလှုံရာကို ရှာကြဖို့ သတိပေးထားပါတယ်။

ဖလော်ရီဒါ မှာ ဒေသန္တရ၊ ပြည်နယ်နဲ့ ဗဟို အဆင့် အာဏာပိုင်တွေနဲ့ တွဲပြီး ကယ်ဆယ်ရေး လုပ်နေပါတယ်၊ လူတွေ ရွှေ့ခိုင်းနေတဲ့ အချိန်မှာပဲ ခိုလှုံရေး စခန်းတွေလည်း စဖွင့်နေပါပြီလို့ ကြက်ခြေနီ အဖွဲ့က Jennifer Pipa က ပြောပါတယ်။

cuba

ဓာတ်ပုံ ရင်းမြစ်, Osvaldo Gutierrez Gomez

ဓာတ်ပုံ ပုံစာ, အဏ္ဏဝါ ပြခန်းက လင်းပိုင်တွေ ရွှေ့ပြောင်း

ကျူးဘားကို ဝင်တဲ့ အချိန်မှာတော့ အင်အားအနည်းငယ် ပျော့ပြီး မုန်တိုင်း အဆင့် ၄ ရောက်သွားပြီလို့ သိရပါတယ်။

မိုးအကြီးအကျယ် ရွာပြီး ရေလှိုင်းကြီးတွေလည်း တက်လာပါတယ်။

ကမ္ဘာလှည့် ခရီးသွားတွေနဲ့ အဏ္ဏဝါ ပြခန်းက လင်းပိုင်တွေ အပါအဝင် ကျူးဘား နိုင်ငံသား တသန်းလောက်ကိုလည်း ဘေးကင်းရာကို ရွှေ့ထားပါတယ်။