ဟာရီကိန်း အာမာကြောင့် ထိခိုက်ပျက်ဆီးမှုတွေကို လေ့လာ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဟာရီကိန်း အာမာကြောင့် ထိခိုက်ပျက်ဆီးမှုတွေကို အမေရိကန် အာဏာပိုင်တွေ စတင်စာရင်းကောက်ယူနေပါပြီ ။
အခုတော့ ဟာရီကိန်း မုန်တိုင်းဟာ အားပျော့သွားပြီ ဖြစ်ပေမယ့် ဖလော်ရီဒါ အလယ်ပိုင်းမှာတော့ ဆက်လက် မိုးသည်းထန်နေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လကုန်ပိုင်းတုန်းက တက္ကဆက်မှာ တိုက်ခတ်ခဲ့တဲ့ ဟာဗီ နဲ့ အခု တိုက်ပြီးသွားတဲ့ အာမာတို့ကြောင့် ပျက်ဆီးထိခိုက်ခဲ့တဲ့ တန်ဖိုးဟာ ဒေါ်လာ ဘီလီယံ သုံးရာနီးပါးခန့် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
အဲဒီ ပမာဏဟာ အမေရိကန် ပြည်ထောင် နှစ်စဉ် GDP တစ်နိုင်ငံလုံး ကုန်ထုတ်လုပ်မှု တန်ဖိုးရဲ့ ၁.၅ ရာခိုင်နှုန်း ရှိတာ ဖြစ်ပါတယ်။
အဆိုးရွားဆုံး မုန်တိုင်းဒဏ် ခံရတဲ့ နေရာတွေမှာ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေပြီလို့ သတင်းရရှိပါတယ်။
ဖလော်ရီဒါမှာ လူငါးသန်းကျော်ဟာ မုန်တိုးဒဏ်ကြောင့် လေပြင်းဒဏ်၊ ရေလွှမ်းမိုးမှုဒဏ်တွေကို ခံစားနေရပါတယ်။








