စာပေ နိုဘယ်ဆု ဗြိတိသျှ-ဂျပန် စာရေးဆရာရ

kazuno

ဓာတ်ပုံ ရင်းမြစ်, JONATHAN NACKSTRAND

ဓာတ်ပုံ ပုံစာ, ကာဇူယို အီရှီဂူရိုရဲ့ လက်ရာ စာအုပ်တွေ
ရေးသားခဲ့သည်။

၂ဝ၁၇ ခုနှစ်အတွက် စာပေ နိုဘယ်ဆုကို ဗြိတိန်မှာ နေထိုင်တဲ့ ဂျပန် စာရေးဆရာ ကာဇူယို အီရှီဂူရိုက ဆွတ်ခူးခဲ့ပါတယ်။

အီရှီဂူရိုရဲ့ ဝတ္ထု တွေမှာ လူသားတွေနဲ့ ကမ္ဘာလောကကြား ဆက်သွယ်မှု အောက်မှာ ဖုံးကွယ်နေတဲ့ နက်ရှိုင်းမှုကို ဖော်ထုတ်နိုင်ကြောင်း၊ စိတ်ခံစားမှု အားပြင်းကြောင်း ဆွီဒင် ပညာ အကယ်ဒမီက ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ဉာဏ်၊ အချိန်နဲ့ စိတ်စွဲလမ်းမှုတွေအကြောင်း ရေးဖွဲ့ရာမှာ ထူးချွန်တယ်လို့လည်း ဆိုပါတယ်။

ဒီဆုချီးမြှင့်တဲ့အတွက် သူ့ကို ကမ္ဘာ့ အထင်ရှားဆုံး စာရေးဆရာတွေ နောက် လိုက်နိုင်အောင် ဂုဏ်ပြုလိုက်တာပဲ လို့လည်း အီရှီဂူရိုက ပြောပါတယ်။

အီရှီဂူရိုဟာ မန်းဘွတ်ကာ စာပေဆုကို ၁၉၈၉ က ရရှိခဲ့ပြီး စာအုပ် ၈ အုပ် ရေးသားခဲ့ပါတယ်။

သူ့စာတွေကို ဘာသာ ၄ဝ ကျော် ပြန်ဆိုခဲ့ကြပါတယ်။

၁၉၉၅ က အိုဘီအီး ဘွဲ့ ရခဲ့သလို သူ့ရဲ့ The Remains of the Day နဲ့ Never Let Me Go ဝတ္ထုတွေကို ရုပ်ရှင်ရိုက်တဲ့အခါမှာ နာမည်ကြီးခဲ့ပြီး အော်စကာ ဆု စာရင်းဝင်ခဲ့ပါတယ်။

သူ့ကို ခေတ်သစ် ဗြိတိသျှ စာရေးဆရာ အတော်ဆုံး ၅ဝ ထဲမှာ ပါဝင်တယ်လို့ တိုင်းမ် သတင်းစာက ရေးသားခဲ့ပါတယ်။

၁၉၅၄ က ဂျပန်နိုင်ငံ နာဂါစကီမှာ မွေးဖွားခဲ့ပြီး မိသားစုနဲ့ ကလေးဘဝထဲက ဗြိတိန်မှာ အခြေချ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။