နစ်ဆန်းကုမ္ပဏီ ကားထုတ်လုပ်မှု ယာယီရပ်ဆိုင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရေးသားခဲ့သည်။
ဂျပန်ကားကုမ္ပဏီ နစ်ဆန်း ရဲ့ ကားတွေကို ဂျပန်နိုင်ငံအတွင်းမှာ ထုတ်လုပ်မှု ဆိုင်းငံ့လိုက်ပါတယ်။
နစ်ဆန်းကုမ္ပဏီရဲ့ ထုတ်လုပ်ပြီးကားတွေကို အရည်အသွေးမီမမီ စစ်ဆေးသူတွေဟာ ခွင့်ပြုလက်မှတ်ရရှိထားတဲ့ အလုပ်သမားတွေမဟုတ်တာကို တွေ့ရှိခဲ့လို့ အဲသလို မလုပ်ဖို့ တားမြစ်ထားတဲ့ ကြားက ဆက်လုပ်ခဲ့တဲ့အတွက် အခုလို ထုတ်လုပ်မှု ဆိုင်းငံ့ခဲ့ရတာဖြစ်ပါတယ်။
ခွင့်ပြုလက်မှတ် အသစ်ထုတ်ပေးမယ့် အချိန်အထိ ဆိုင်းငံ့မှာ ဖြစ်တဲ့အတွက် ဆိုင်းငံ့ချိန်ဟာ ၂ ပတ်လောက်ကြာမှာ ဖြစ်ပါတယ်။
နစ်ဆန်းကားကုမ္ပဏီဟာ အရင်ကလည်း ယာဉ်စစ်ဆေးမှုပိုင်းမှာ ချို့ယွင်းချက်တွေရှိခဲ့လို့ စုစုပေါင်းကားပေါင်း ၁ သန်းနှစ်သိန်းကို ပြန်လည် သိမ်းဆည်းခဲ့ရပါတယ်။








