အချေအတင် အငြင်းပွားစရာ ကင်ညာ သမ္မတ ရွေးကောက်ပွဲ ပြန်ကျင်းပမယ်

ကင်ညာ၊ သမ္မတ ရွေးကောက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အတိုက်အခံခေါင်းဆောင် ရေလာ အိုဒင်ဂါ ကို ထောက်ခံသူတွေနဲ့ ရဲတွေအကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်
ရေးသားခဲ့သည်။

ကင်ညာနိုင်ငံမှာ ပြည်သူတွေအနေနဲ့ ဖွဲ့စည်းပုံ အခြေခံ အခွင့်အရေးအတိုင်း ဆောင်ရွက်ကြဖို့နဲ့ ဒီကနေ့ ပြန်လည် ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ မဲပေးကြဖို့ သမ္မတ အူရူ ကန်ညက်တာက တိုက်တွန်းလိုက်ပါတယ်။

ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်တဲ့ မိန့်ခွန်းထဲမှာ သမ္မတ ကန်ညက်တာက နိုင်ငံတဝန်းမှာ လုံခြုံရေး တပ်ဖွဲ့တွေ ချထားတယ်လို့ ပြောခဲ့ပြီး တိုင်းပြည်ကို မင်းမဲ့စရိုက် အခြေအနေဖြစ်အောင် သူခွင့် ပြုမှာ မဟုတ်ဘူးလို့ သတိပေးလိုက်ပါတယ်။

အတိုက်အခံ ခေါင်းဆောင် ရေလာ အိုဒင်ဂါ ကတော့ ဒီရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ဘူးလို့ ယုံကြည်နေပြီး မဲမပေးပဲ သပိတ်မှောက်ကြဖို့ သူ့ကို ထောက်ခံအားပေးသူတွေကို တိုက်တွန်းထားပါတယ်။

ရွေးကောက်ပွဲ ရွှေ့ဆိုင်းထားဖို့ ပန်ကြားလွှာတခုကို တရားရုံးချုပ်က စစ်ဆေးကြားနာဖို့ ပျက်ကွက်ခဲ့အပြီးမှာ ရွေးကောက်ပွဲကို စီစဉ်ထားတဲ့အတိုင်း ကျင်းပတော့မှာ ဖြစ်ပါတယ်။

နိုင်ငံ အနောက်ပိုင်း ကီဆူမူဒေသမှာ မစ္စတာ အိုဒင်ဂါကို ထောက်ခံအားပေးသူတွေနဲ့ ရဲတွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။