ဆော်ဒီ မြို့တော်ကို ဒုံးကျည်ပစ်လွှတ်

ဓာတ်ပုံ ရင်းမြစ်, Reuters
ဆော်ဒီ အာရေဗျ နိုင်ငံ ရီယာ့ဒ် မြို့တော် ကို ဦးတည်ပြီး မစ်ဆိုင်း ဒုံးကျည် တစင်း ပစ်လွှတ်ခဲ့တယ်ဆိုတာ သိရှိရတယ်လို့ ဆော်ဒီ အာရေဗျ ဦးဆောင်တဲ့ စစ်ရေး မဟာမိတ်အဖွဲ့က ပြောပါတယ်။
ရီယာ့ဒ် မြို့မှာ ပေါက်ကွဲမှု ဖြစ်တဲ့ သတင်းတွေ လည်း ရရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, IHS Markit
စောစောပိုင်းကတော့ ယီမင်မှာ ရှိတဲ့ ဟူသီ သူပုန်တွေက ရီယာ့ဒ် က နန်းတော် နေရာ တခုကို ချိန်ရွယ်ပြီး သူတို့ ဒုံးလက်နက် ပစ်လွှတ်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီနန်းတော်ဟာ ဘုရင် ဆော်လမန်ရဲ့ အစိုးရ နန်းတော် ဖြစ်ပြီး အဲဒီမှာ စည်းဝေးနေတဲ့ လူကြီးတွေကို ချိန်ရွယ် ပစ်ခတ်တာလို့ ဆိုပါတယ်။
ယီမင်နိုင်ငံ ပြည်တွင်းစစ်မှာ ယီမင်အစိုးရကို ထောက်ခံတဲ့ ဆော်ဒီ အာရေဗျ ဦးဆောင်တဲ့ မဟာမိတ်တွေကို ဟူသီ သူပုန်တွေက တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ဒီ သူပုန်တွေကို အီရန်က ထောက်ခံပေးထားပြီး ဒေသတွင်း မတည်ငြိမ်အောင် သူတို့ကို အီရန်က ဒုံးကျည်တွေ ထောက်နေတယ်လို့ ဆော်ဒီက စွပ်စွဲ နေပါတယ်။














