အာဖရိကနွယ်ဖွား ၄ သောင်းကို အစ္စရေး နှင်ထုတ်

အစ္စရေး
ဓာတ်ပုံ ပုံစာ, လိုက်နာဖို့ ပျက်ကွက်ရင် ထောင်ချ ခံရမယ်
ရေးသားခဲ့သည်။

အစ္စရေးနိုင်ငံမှာ နေထိုင်နေကြတဲ့ အာဖရိကနွယ်ဖွား အယောက် ၄ သောင်း နီးပါးကို လာမယ့် ရက် ၉ဝ အတွင်း တိုင်းပြည်က ထွက်ခွာ သွားဖို့ အစ္စရေး အာဏာပိုင်တွေ အမိန့် ထုတ်ပြန် လာပါတယ်။

လိုက်နာဖို့ ပျက်ကွက်ရင် ထောင်ချ ခံရမယ်လို့လည်း ဆိုပါတယ်။

အယ်ရီထရေးယားနဲ့ ဆူဒန် နိုင်ငံက သူတွေ အများစု ဖြစ်တဲ့ အဲဒီသူတွေဟာ အစ္စရေး နိုင်ငံထဲ ခိုလှုံခွင့် တောင်းခံတာ ငြင်းပယ် ခံထားရသူတွေ ဖြစ်ပါတယ်။

အစ္စရေး
ဓာတ်ပုံ ပုံစာ, ခိုလှုံခွင့် တောင်းတာ မအောင်သူတွေကို အစ္စရေး နှင်ထုတ်

အဲဒီသူတွေ နေရပ်ကို ပြန်တာဖြစ်စေ၊ တတိယနိုင်ငံကို သွားတာမျိုး ဖြစ်စေ ပြုလုပ်မယ် ဆိုရင် တစ်ယောက်ကို ဒေါ်လာ ၃ထောင့်၅ရာ ပေးမယ်လို့ အစ္စရေး အစိုးရက ကမ်းလှမ်းထားပါတယ်။

ဒါပေမယ့်လည်း ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကျွန်ပြုတာ လူကုန်ကူးတာ ခံခဲ့ရသူတွေ အတွက်တော့ အခု ထွက်ခွာမိန့်က အကျုံးမဝင်ဘူးလို့ ဆိုပါတယ်။

အစ္စရေးရဲ့ အခုအမိန့်ဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက် နေတယ်ဆိုပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်နေကြပါတယ်။