အစ္စရေးနဲ့ ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ထရမ့် သံသယရှိ

ဂျေရုဆလမ်

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ, ဂျေရုဆလမ်ကို အစ္စရေးရဲ့ မြို့တော်လို့ သတ်မှတ်တဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက် ကို ပါလက်စတိုင်းက မလေးစားဘူး
ရေးသားခဲ့သည်။

အစ္စရေးနဲ့ ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်စနိုင်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သံသယ ဖြစ်နေပါတယ်။

ငြိမ်းချမ်းရေး ဖြစ်စဉ် တိုးတက်မှု မရှိတဲ့အပေါ် သမ္မတ ထရမ့်က ပါလက်စတိုင်းကို ဝေဖန်လိုက်ပြီး အစ္စရေးနဲ့ ပါလက်စတိုင်းတို့ ဆွေးနွေးညှိနှိုင်းမှု မရှိဘူးဆိုရင် အမေရိကန်က ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နာတန်ယာဟုနဲ့ ဆွေးနွေးခဲ့ပြီးတဲ့နောက် ဆွစ်ဇာလန် နိုင်ငံ Davos ကမ္ဘာ့ စီးပွားရေး ဖိုရမ်မှာ ထရမ့်က အခုလို ပြောဆိုလိုက်တာပါ။

သမ္မတ ထရမ့်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ငြိမ်းချမ်းရေး ဖြစ်စဉ် တိုးတက်မှု မရှိတဲ့အပေါ် သမ္မတ ထရမ့်က ပါလက်စတိုင်းကို ဝေဖန်။

ဂျေရုဆလမ်ကို အစ္စရေးရဲ့ မြို့တော်လို့ သတ်မှတ်တဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက် ကိုလည်း ပါလက်စတိုင်းက မလေးစားဘူးလို့ သမ္မတ ထရမ့်က စွပ်စွဲ ပြောဆိုပါ တယ်။

သမ္မတထရမ့်ရဲ့ ပြောဆိုချက်ကို အစ္စရေးဝန်ကြီးချုပ် နာတန်ယာဟုက သမိုင်းဝင် ဆုံးဖြတ်ချက်ဖြစ်ပြီး မျိုးဆက်တွေရဲ့ နှလုံးသားထဲမှာ စွဲနေမှာလို့ ပြောပါတယ်။

ဒါဟာ ငြိမ်းချမ်းရေးကို နောက်ပြန်သွားစေတယ်လို့ လူတွေက ပြောပေမယ့် သမိုင်းနဲ့ လက်ရှိ အခြေအနေကို အသိအမှတ်ပြုတာကြောင့် ငြိမ်းချမ်းရေးကို ရှေ့ကို တွန်းပို့တာလို့ သူက ဆိုပါတယ်။

အစ္စရေးဝန်ကြီးချုပ် နာတန်ယာဟု

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ, သမ္မတထရမ့်ရဲ့ ပြောဆိုချက်ကို အစ္စရေးဝန်ကြီးချုပ် နာတန်ယာဟုက သမိုင်းဝင် ဆုံးဖြတ်ချက်လို့ ပြောပါတယ်။

ပါလက်စတိုင်းကတော့ အမေရိကန် ဦးစီးလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ပါဝင်တော့မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ဖူးပါတယ်။