အမေရိကန် ကျွမ်းဘား ဘုတ် အဖွဲ့ နုတ်ထွက်ဖို့ပြင်နေ

အမေရိကန် ကျွမ်းဘား

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အားကစားမယ် ၁၆၀ နီးပါး က ဆရာဝန် က လိင်မဖွယ်မရာ ပြုခဲ့လို့ စွပ်စွဲခဲ့ကြ
ရေးသားခဲ့သည်။

အသင်း တာဝန်ခံ ဆရာဝန် လယ်ရီ နက်ဆာ က အမျိုးသမီး အားကစား မယ်ပေါင်း ၁၅၀ ကျော်ကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာတွေ လုပ်ခဲ့တယ် ဆိုတဲ့ ကျော်မကောင်း ကြားမကောင်း ကိစ္စတွေ ပေါ်ထွက်ခဲ့ပြီးတဲ့နောက်ပိုင်း အမေရိကန် ကျွမ်းဘား အားကစား အာဏာပိုင် ဘုတ် အဖွဲ့တခုလုံး နုတ်ထွက်ကြဖို့ ရှိနေပါတယ်။

အမေရိကန် ကျွမ်းဘား အားကစား အဖွဲ့ ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် က အမေရိကန် အိုလံပစ် ကော်မီတီ ရဲ့ ညွှန်ကြားချက် ကိုလိုက်နာ ပြီး ဘုတ်အဖွဲ့ဝင် ဒါရိုက်တာ ၁၈ ယောက် စလုံး နုတ်ထွက် ပါလိမ့်မယ် လို့ပြောပါတယ်။

ကျူးလွန်ခဲ့သူ ဒေါက်တာ နက်ဆာ ကိုတော့ ကျန်းမာရေး ကုသမှု အမည်ခံပြီး အားကစားမယ်တွေ ကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာတွေ လုပ်ခဲ့တဲ့အတွက် ထောင်ဒဏ် ၁၇၅ နှစ် အထိ ကျခံဖို့ တရားရုံးကနေ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ဆုံးဖြတ်ခဲ့ပါတယ်။

အခု ဒါရိုက်တာတွေ နုတ်ထွက် ကြမယ် ဆိုတဲ့ သတင်း ကို မီချီကန် ပြည်နယ် က အထက်လွှတ်တော်အမတ် မာဂရက် အို ဘရိုင်ယန် က ကြိုဆိုလိုက်ပြီး ဥပဒေချိုးဖောက်တဲ့သူတွေ ကို အပြစ်ပေးရမှာပါပဲ၊ မီချီကန် မှာတော့ ကုသသူတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ ဒီ ဥပဒေကို လိုက်နာဖို့ ညွှန်ကြားထားပါတယ်၊ ဒီလို ယဉ်ကျေးမှုတွေ ဖြစ်နေတာ ကို တိုက်ဖျက် ဖို့ အတွက် ဒီဥပဒေ ကို ရည်ရွယ်လုပ်ထားတာပါလို့ ပြောသွားပါတယ်။