ပလပ်စတစ်ပိုက်နဲ့ နားဖာကလော်တွေ ယူကေမှာတားမြစ်

uk

ဓာတ်ပုံ ရင်းမြစ်, MADS CLAUS RASMUSSEN

ဓာတ်ပုံ ပုံစာ, ပလပ်စတစ် ညစ်ညမ်းမှု ကမ္ဘာအနှံ့တွေ့နေရ
ရေးသားခဲ့သည်။

ဗြိတိန်မှာ ရေသောက်တဲ့ ပလပ်စတစ် ပိုက်လေးတွေနဲ့ ပလပ်စတစ် နားဖာ ကလော်တံ တွေကို တားမြစ်ဖို့ လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။

ပလပ်စတစ် ရေသောက်ပိုက်တွေနဲ့ ပလပ်စတစ် နားဖာ ကလော် နားကျပ်တံတွေ သုံးပြီး လွှင့်ပစ်တဲ့ အရေအတွက် ပေါင်းက ဗြိတိန်မှာ တနှစ်ကို သန်း ရှစ်ထောင် ကျော် ရှိနေတာ ဖြစ်ပါတယ်။

ဒါဟာ သဘာ၀ ပတ်ဝန်းကျင်ကို အင်မတန်မှ ထိခိုက်စေတာကြောင့် ဒီလို ပလပ်စတစ်တွေ အမှိုက်သရိုက်တွေ လျော့နည်းဖို့ ကြိုးစားတဲ့ အနေနဲ့ ဗြိတိန်က စတင် အရေးယူ ဆောင်ရွက်မှုတွေ လုပ်တော့မှာ လည်း ဖြစ်ပါတယ်။

ဒီအတွက် အဲဒီ ပလပ်စတစ် ရေသောက်တဲ့ ပိုက် နဲ့ နားဖာ ကလော်တံတွေကို အင်္ဂလန်မှာ မသုံးစွဲရအောင် တားမြစ်ဖို့ လုပ်နိုင်ပါတယ်။

ဗီဒီယို ပုံစာ, ယူကေက ပလပ်စတစ် ညစ်ညမ်းမှု လျှော့ချရေး
uk

ဓာတ်ပုံ ရင်းမြစ်, David Jones

ဓာတ်ပုံ ပုံစာ, ပင်လယ်ထဲမှာလည်း ပလပ်စတစ်

ဗြိတိန် ဝန်ကြီးချုပ် ထရီဆာ မေက ပလပ်စတစ် အမှိုက်သရိုက်တွေဟာ ကမ္ဘာပေါ် အကြီးမားဆုံး သော သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှု ဖြစ်တယ်ဆိုပြီး ပြောကြား လိုက်ပါတယ်။

အခု ကျင်းပနေတဲ့ ဓနသဟာယ နိုင်ငံများ အစည်းအဝေးမှာလည်း ထရီဆာမေက ပလပ်စတစ် အမှိုက်လျော့ကျရေး ဗြိတိန်ရဲ့ ကြိုးစားချက်တွေ လိုပဲ လိုက်နာ ဆောင်ရွက်ဖို့ ဓနသဟာယ နိုင်ငံ ခေါင်းဆောင်တွေကို တိုက်တွန်းမှာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ အခုအချိန်အထိ ထုတ်လုပ်ထားတဲ့ ပလပ်စတစ် တန်ချိန်ပေါင်းက ၈ ဒသမ ၃ ဘီလျံ အထိ ရှိနေပြီ ဖြစ်ပါတယ်။ အဲဒီအထဲကမှ ၉ ရာခိုင်နှုန်းက ပြန် အသုံး ပြုတာတာ ဖြစ်ပြီး ၁၂ရာခိုင်နှုန်းက မီးရှို့ ပစ်ကြတာပါ။

ဒီတော့ ၇၉ ရာခိုင်နှုန်းက ကမ္ဘာ့ပေါ်မှာ အမှိုက်သရိုက်တွေ အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

ဒီအမှိုက်တွေဟာ အာတိတ် ပင်လယ်ပြင်အထိ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနေကြတာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, အာတိတ်ဒေသ ပလပ်စတစ် ညစ်ညမ်းမှု
uk

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ပလပ်စတစ်အစား အဝတ်အိတ်ပြောင်းသုံး

အဲဒီလို အင်မတန်မှ အေးလွန်းလှတဲ့ လူအရောက်အပေါက်နည်းနဲ့ နေရာမျိုးတွေ မှာတောင် ပလပ်စတစ် အမှိုက်တွေက အများအပြားပါ။ ဒီအတွက် အဲဒီ ဒေသမှာ ရှိတဲ့ တောရိုင်း တိရစ္ဆာန်တွေ ပင်လယ်သတ္တဝါတွေ သေကြေ ပျက်စီးကြရတဲ့ အကြောင်းရင်း တခုကတော့ ဒီ ပလပ်စတစ်ကြောင့် ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, ပလပ်စတစ်ညစ်ညမ်းမှုနဲ့ ဂင်္ဂါမြစ်

ဗြိတိန်အစိုးရအနေနဲ့ ဒီကိစ္စ ကိုင်တွယ် ဖြေရှင်းရေး တုံ့ပြန် ဆောင်ရွက်ရာမှာ နှေးကွေးနေတယ်ဆိုပြီး မေးခွန်းတွေ တက်လာတဲ့ အပေါ် ဗြိတိန် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီး မိုကယ် ဂို့ က ပလပ်စတစ် အမှိုက်တွေ ကိစ္စ ဖြေရှင်းရေးဟာ တကမ္ဘာလုံး အတွက် အရေးပေါ် ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်လို့ ဖော်ပြ ပြောဆိုလိုက်ပါတယ်။

နောက်ပြီး ပလပ်စတစ် ရေသန့်ဗူးတွေ ကိုလည်း ဘယ်လို လုပ်မယ် ဆိုတာ ပလပ်စတစ် အမှိုက် လျော့ချရေး အစီအစဉ်ထဲမှာထည့်ထားပါတယ်။

ဗီဒီယို ပုံစာ, ရေသန့်ဗူးတွေထဲမှာ ပလစ်စတစ်မှုန်တွေ ပါ၀င်နေတယ်လို့ဆို
uk

ဓာတ်ပုံ ရင်းမြစ်, Jonathan Pow

ဓာတ်ပုံ ပုံစာ, ပလပ်စတစ် လျှော့သုံးဖို့ လိုနေ

ဒါပေမယ့်လည်း ဗြိတိန်မှာ ဒီကိစ္စ ကိုယ်တွယ်ဖို့ ၂ဝ၂ဝ ကျမှ အသက်ဝင်မှာ ဖြစ်တဲ့ အတွက် ပါလီမန် အမတ်တွေ အနေနဲ့ သိပ် သေဘာကျပုံ မရကြပါ။

ဗြိတိန်မှာက ကုန်တိုက်တွေမှာ စျေးဝယ်ရင် ပလပ်စတစ် အိတ် ယူမယ်ဆိုရင် ပိုက်ဆံပေးရတဲ့ စနစ်ကို ကျင့်သုံးနေပြီလည်း ဖြစ်ပါတယ်။

တကမ္ဘာလုံး အနေအထားနဲ့ ကြည့်ရင်တော့ အာဖရိကတိုက်က ကင်ညာ နိုင်ငံဟာ ပလပ်စတစ်အိတ်နဲ့ ပတ်သက်ရင် အပြင်းထန်ဆုံး ဥပဒေ ချမှတ်ကျင့်သုံးနေတာ ဖြစ်ပါတယ်။

အသုံးပြုသူတွေကို ဒဏ်ငွေ ချမှတ်ပြီး ပလပ်စတစ်အိတ် ထုတ်လုပ် တာ ဒါမှမဟုတ် တင်သွင်းတာမျိုး ဆိုရင်တော့ ထောင်ဒဏ် ၄ နှစ်အထိ ကျခံ ရမှာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, ကင်ညာမှာ ပလပ်စတစ် အိပ်သုံးခွင့်ပိတ်