တရုတ် ကာရာအိုကေ မီးလောင်လို့ လူ ၁၈ ဦးသေဆုံး

China Fire

ဓာတ်ပုံ ရင်းမြစ်, SCREENSHOT/PEAR VIDEO

ရေးသားခဲ့သည်။

တရုတ်နိုင်ငံတောင်ပိုင်း Yingdeမြို့က ကာရာအိုကေမှာ မီးလောင်လို့ လူ ၁၈ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိသွားပါတယ်။

ဧပြီ ၂၄ ရက် မနက်အစောပိုင်းမှာ ၃ ထပ်တိုက် ကာရာအိုကေဆိုင်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မီးရှို့တယ်လို့ သံသယရှိသူ အသက် ၃၂ နှစ် Liu Chunluကို ရဲတပ်ဖွဲ့က နောက်တနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။

ကာရာအိုကေမှာရှိတဲ့ တခုတည်းသော ထွက်ပေါက်ကို ဆိုင်ကယ်နဲ့ ပိတ်ပြီး ဒီအမျိုးသားက မီးရှို့ခဲ့တာလို့ တရုတ် အစိုးရ သတင်းဌာနက ကြေညပါတယ်။

မီးရှို့ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ Liu Chunluကလည်း မီးလောင် ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

လူမှုကွန်ရက် မီဒီယာမှာ ပြန့်နှံ့နေတဲ့ ဗွီဒီယိုဖိုင်မှာတော့ ကာရာအိုကေဆိုင် မီးလောင်တာကို လူအများက ဝိုင်းကြည့်နေတာကို မြင့်တွေ့ရမှာ ဖြစ်ပါတယ်။

မီးရှို့တယ်လို့ သံသယရှိသူကို သတင်းပေးတဲ့သူကို ယွမ် ၂ သိန်း ဆုချီးမြှင့်မယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။

အရင်နှစ်ကလည်း တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ ၂ ထပ်တိုက်ကို မီးရှို့လို့ လူ ၂၂ ဦး သေဆုံးခဲ့ပါတယ်။