တင့်ကားကြိတ်လို့ ဆန္ဒပြသူသေဆုံးတဲ့ ကက်ရှမီးယားမှာ ညမထွက်ရ ထုတ်ပြန်

အိန္ဒိယ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဆူပူမှု ဖြစ်နေတဲ့ အိန္ဒိယ အုပ်ချုပ်ရာ ကက်ရှမီးယား
ရေးသားခဲ့သည်။

အိန္ဒိယ အုပ်ချုပ်တဲ့ ကက်ရှမီးယား ဒေသမှာ ပြီးခဲ့တဲ့ သောကြာနေ့က တင့်ကား အကြိတ်ခံလို့သေဆုံးသွားတဲ့ လူငယ်ဆန္ဒပြသမားတယောက်ရဲ့ စျာပနကို လိုက်ပါပို့ဆောင်သူတချို့နဲ့ လုံခြုံရေး တပ်ဖွဲ့တွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

ဆန္ဒပြသူတွေ လူစုကွဲသွားအောင် ရှရီနဂါမြို့က ရဲတွေက မျက်ရည်ယိုဗုံးသုံးခဲ့ပြီး လူအုပ်စုထဲကသူ တချို့ကလည်း ခဲတွေနဲ့ ပြန်ပစ်ခဲ့ကြပါတယ်။

အိန္ဒိယအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ လာမယ့် သောကြာနေ့မှာ ထပ်တိုး ဖြစ်လာမှာ စိုးရိမ်တဲ့ အတွက် အခုအခါ အဲဒီမြို့မှာ အာဏာပိုင်တွေက ညမထွက်ရ အမိန့်ထုတ်ပြန်ထားသလို အင်တာနက်၀န်ဆောင်မှုကိုလည်း ပိတ်ထားခဲ့ပါတယ်။

ကက်ရှမီးယား အရေးနဲ့ ပတ်သက်လို့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ကြား ပြင်းထန်တဲ့ အငြင်းပွားမှု ရှိနေတာဖြစ်ပါတယ်။