ဇွန်လ ၂၂ ရက် ညချမ်း သိထားသင့်တဲ့ ထိပ်တန်း သတင်း

ဓာတ်ပုံ ရင်းမြစ်, Reuters
(၁) ကုန်သွယ်ရေး အငြင်းပွားမှုကို မရှင်းနိုင်ရင် အီးယူက သွင်းတဲ့ကားတွေကို အခွန် ၂ဝ ရာခိုင်နှုန်း တိုးကောက်တာ အပါအဝင် ကုန်သွယ်ရေး ကန့်သတ်မှုတွေ ထပ်လုပ်မယ်လို့ အမေရိကန် သမ္မတ ထရမ့်က ခြိမ်းခြောက်လိုက်ပါတယ်။
(၂) အိုပက် ရေနံ ရောင်းတဲ့နိုင်ငံများအဖွဲ့က ရေနံစျေးတက်တာကို ချဖို့အတွက် တိုးပြီး ရေနံထုတ်ဖို့ သဘောတူခဲ့ပါတယ်။
(၃) ရွှေ့ပြောင်းဝင်ရောက်သူ ၂၃၄ ယောက် တင်လာတဲ့ မြေထဲပင်လယ်မှာ ရှိနေတဲ့ ဂျာမန် ကယ်ဆယ်ရေး သင်္ဘောတစင်းကို အီတလီက ဖမ်းဆီး သိမ်းယူမယ်လို့ ခြိမ်းခြောက်နေတဲ့အတွက် လုံလုံခြုံခြုံ ကမ်းကပ်ခွင့်ပေးဖို့ အဲဒီ သင်္ဘောက တောင်းဆိုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, GIOVANNI ISOLINO
(၄) အိန္ဒိယနိုင်ငံ ဂျာကန်ပြည်နယ်မှာ လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး လမ်းပေါ်မှာ သရုပ်ပြ ကဇာတ်နဲ့ ပညာပေးနေတဲ့ အမျိုးသမီး ငါးဦး အုပ်စုလိုက် အဓမ္မ ပြုကျင့်ခံခဲ့ရတဲ့အတွက် အိန္ဒိယ အမျိုးသမီးများ ကော်မရှင်က စုံစမ်းစစ်ဆေးမှု စတင်လိုက်ပါတယ်။
(၅) တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံကြား ကွဲကွာနေတဲ့ မိသားစုတွေ ပြန်တွေ့တဲ့ပွဲတွေ သြဂုတ်လကုန်မှာ ပြန်စဖို့ သဘောခဲ့ကြပါတယ်။
(၆) နီပေါနဲ့ တရုတ် နိုင်ငံကြား ဟိမဝန္တာတောင်ကို ကျော်ပြီး တိဘက်ကနေ ခတ္တမန္ဒူထိ ရထားလမ်း ဖောက်ဖို့ သဘောတူခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Pool








