နေပြည်တော်က သေနတ်ပစ်မှု

အသံဖိုင် ပုံစာ, နေပြည်တော်က သေနတ်ပစ်မှု
ရေးသားခဲ့သည်။

နေပြည်တော် ကုတင်တထောင်ဆေးရုံကို ယာဉ်မတော်တဆမှုနဲ့ သေဆုံးတယ်ဆိုပြီး ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းက အလောင်း လာအပ်ခဲ့ပါတယ်။

အဲဒီလူကို ရင်ခွဲစစ်ဆေးကြည့်တဲ့အခါ သေနတ်ဒဏ်ရာနဲ့ သေဆုံးတာလို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံးတဲ့သူဟာ နေပြည်တော် ဥတ္တရသီရိမြို့နယ် ဆားကျင်းကျေးရွာက အသက် ၃၂ နှစ် အရွယ် ကိုမျိုးဝင်း ဖြစ်ပါတယ်။

သေဆုံးသူရဲ့ မိတ်ဆွေတွေကတော့ ရဲက သေနတ်နဲ့ပစ်လို့ သေတာလို့ စွပ်စွဲပြောဆိုနေပါတယ်။

အကြောင်းစုံသိရဖို့ ကိုမျိုးဝင်းနဲ့ ဆွေမျိုးတော်စပ်ပြီး ဒီကိစ္စမှာ လိုက်ပါဆောင်ရွက်နေသူ ကိုမင်းဇော်ကို ဘီဘီစီ သတင်းထောက် ကိုအောင်သူရက ဆက်သွယ်မေးမြန်း ထားပါတယ်။