၈ နှစ်ကြာ ပင်လယ်ထဲ ရေ ငုပ်ခဲ့ရာကနေ မိတ်ဆွေသစ်တွေ ရလာခဲ့သူ

ဓာတ်ပုံ ရင်းမြစ်, SEA CHANGE PROJECT
ရေဘဝဲနဲ့ မိတ်ဆွေဖြစ်မယ်၊ ကြောက်စရာ ကောင်းတဲ့ ငါးမန်းဖြူကြီးတွေနဲ့ အတူ ရေကူးမယ်၊ ပင်လယ်ဖျံကြီးတွေက လက်နဲ့ ကိုယ့်မျက်နှာကို ပွတ်သတ်ပေးမယ်၊ နောက်ပြီး rockfish ငါးတမျိုး ကို ကိုယ့်လက်ထဲမှာ ပွတ်သပ် ပေးမယ် စတာမျိုးကို စိတ်ကူးယဉ်ကြည့်ဖူးပါသလား။
အခုလို စိတ်ကြည်နူးစရာ ဘဝ အတွေ့အကြုံ တွေကို တောင်အာဖရိ နိုင်ငံသား ၂ ဦးဖြစ်တဲ့ ကားရစ် ဖေါ့စတာ နဲ့ ရို့စ် ဖရိုင်းလင့်ခ် တို့ကနေ သတင်းမှတ်တမ်း အဖြစ် Sea Change ဆိုတဲ့ အသစ်ထုတ်ဝေတဲ့ စာအုပ်မှာ ရေးသား ဖေါ်ပြခဲ့ ပါတယ်။
သူတို့တွေဟာ တောင်အာဖရိ နိုင်ငံ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ကိတ်တောင်း ကမ်းခြေက ရေခဲတမျှ အေးတဲ့ ပင်လယ်အောက်ကို အောက်စီဂျင်ဘူးတို့ ရေငုပ်ဝတ်စုံတို့ မသုံးပဲ ၈ နှစ်ကြာ ရေငုပ် လေ့လာ ခဲ့ကြတာ ဖြစ်ပါတယ်။
မစ္စတာ ဖေါ့စတား က သူ့အနေနဲ့ နေ့စဉ် ရေငုပ်ရာမှာ ရေဘဝဲ တကောင်နဲ့ အံသြစရာ ကောင်းတဲ့ ဆက်ဆံရေး ရရှိ ခဲ့တယ် လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဲဒီနေရာဟာ ကိတ်တောင် အနီး ကျွန်းဆွယ် တောင်ပိုင်းက ဆိုင်မွန်မြို့ ကမ်းခြေ အပြင်ဘက် ရေအောက် နေရာ တခု ဖြစ်ပါတယ်။ ဒါကို သူက ရွှေ ပင်လယ်မှော်တော အဖြစ် တင်စား ခေါ်ဝေါ် ခဲ့ပါတယ်။
''ကျနော်ဟာ ဒီရေဘဝဲဆီ တနှစ်နီးပါးလောက် သွားလည်ပတ်လို့ရတဲ့ အထူးအခွင့်အရေး ရခဲ့ပါတယ်။ သူက ကျနော့် ကို လုံးဝ ယုံတယ်၊ ဘာမှ ကြောက်လန့် တာမျိုး မရှိဘူး၊ ဒါနဲ့ ကျနော်လည်း သူတို့ရဲ့ လျှို့ဝှက် ကမ္ဘာထဲကို ထဲထဲ ဝင်ဝင် ရောက် ခွင့် ရသွားတယ်'' လို့ မစ္စတာ ဖေါ့စတာ က ပြောပါတယ်။
''ရေဘဝဲတွေဟာ ကွဲပြားခြားတဲ့ ပင်ကိုယ်သဘာဝ တွေရှိကြတယ်၊ တချို့ကောင်တွေက ရဲတယ်၊ တချို့ကတော့ အရမ်း ကို ရှက်တတ်တယ်၊ ဒီရေဘဝဲ မလေးကတော့ အဲလိုမျိုးမဟုတ်ပါဘူး'' လို့လည်း မစ္စတာ ဖေါ့စတာ က ပြောပါတယ်။
ရေဘဝဲ မလေးက သူ့ကို ဘယ်လို သဘောထားတယ်၊ ဘယ်လို ကြိုဆို နှုတ်ဆက်တယ် ဆိုတာကိုလည်း သူက ပြောပါ တယ်။ သူက ပင်လယ်ကြမ်းပြင် အောက်မှာ တွင်းတူးပြီး နေထိုင်တာ ဖြစ်ပါတယ်။
ဒီရေဘဝဲ ဟာ အကောင် အမျိုး ၅၀ လောက်ကို ဖမ်းဆီး လေ့ရှိပေမယ့်၊ ဒါကို သိနိုင်ဖို့ သူနေတဲ့ တွင်းထဲကို ရောက်မှ သိနိုင် ကြောင်းလည်း ပြောပါတယ်။
လူတွေက ငါးမန်းစာ မဟုတ်
ရေငုပ်သူတွေဟာ ငါးမန်းဖြူကြီးတွေနဲ့ ရင်ဆိုင် ကြုံတွေ့ရလေ့ ရှိပါတယ်။ တချို့ငါးမန်းတွေဆို ပင်လယ်မှာ ရေးကူနေတဲ့ သူ၊ ရေလှိုင်း စီးနေသူတွေကို လိုက်ကိုက်ကြပါတယ်။
လူ့အသားကို စားချင်လို့ လိုက်ကိုက်တာမျိုးထက်၊ ဒီငါးမန်းတွေက သူတို့ဟာ အင်အား ကြီးမားတဲ့ သူ ဖြစ်တယ် ဆိုတာကို ပုံဖေါ်ပြသ လိုတဲ့ သဘော ရှိတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SEA CHANGE PROJECT
သူတို့ဟာ လူကိုတွေ့ရင် ပုံရိပ်ကို ကြည့်ပြီး သားကောင် ဟုတ်မဟုတ် တွက်ဆပါတယ်။ လူတွေဟာ သူတို့ရဲ့ အစာ ဟုတ်မဟုတ် ဆိုတာ သူတို့ အသေအချာ မသိဘဲ၊ ဘာလဲ ဆိုတာကို သိချင်တဲ့ သဘောမျိုး ရှိကြပါတယ်။
ငါးမန်း ဆိုတာ လူကို လိုက်ကိုက်တတ်တဲ့ တိရစ္ဆာန် မျိုး မဟုတ်ပါဘူး။ သူတို့ဟာ ဖျံတို့၊ ငါးတို့နဲ့ တခြား သားကောင်တွေ ကို တွေ့ရင် တုံ့ပြန် ဆောင်ရွက်ပုံက လူကို တွေ့တာနဲ့ မတူကြပါဘူး ဆိုတဲ့ အကြောင်းကိုလည်း မစ္စတာ ဖေါ့စတာ က ရှင်းပြပါတယ်။













