ရှောင်းမီ တည်ထောင်သူ ဒေါ်လာ သန်း ၉၆၀ ကျော် ဘောနပ်စ်ရ

လေးဂျွန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဟောင်ကောင်ရှယ်ယာဈေးကွက်ထဲကို ဝင်အပြီးမှာ ဆုကြေးပေးခဲ့တာဖြစ်
ရေးသားခဲ့သည်။

ရှောင်းမီ စမတ်ဖုန်းကုမ္ပဏီတည်ထောင်သူဟာ ကုမ္ပဏီက ချီးမြှင့်တဲ့ဆုကြေးငွေအဖြစ် အမေရိကန် ဒေါ်လာ သန်းပေါင်း ၉၆၀ ကို ရရှိမှာ ဖြစ်ပါတယ်။

ဒီလိုချီးမြှင့်မယ်ဆိုတာ သူတို့ကုမ္ပဏီရဲ့ ၂၀၁၈ အစီရင်ခံစာမှာ ဖော်ပြ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

သူရဲ့ ရှစ်နှစ်တာ အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ဘောနပ်စ် ဆုကြေးအဖြစ် ရှယ်ယာတွေကို ပေးမယ်လို့ ကုမ္ပဏီက ပြောထားခဲ့ပါတယ်။

ရတဲ့ဆုကြေးတွေကို အခွန်ဆောင်ပြီးတဲ့နောက် ခွဲဝေလှူဒါန်းသွားမယ်လို့ လေးဂျွန်က ပြောပါတယ်။

သူဟာ ရှယ်ယာ အစုပေါင်း သန်း ၆၀၀ ကျော်ကို ရရှိမှာ ဖြစ်ပါတယ်။

ရှောင်းမီဟာ အမြတ် ဒေါ်လာ သန်း ၁၃၀၀ ရရှိခဲ့လို့ သူရရှိမယ့် ဆုကြေးပမာဏဟာ ကုမ္ပဏီရဲ့ အမြတ်ပမာဏနဲ့ သိပ်မကွာတော့ပါဘူး။

ရှောင်းမီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စပိန်နဲ့ တခြား ဥရောပ စျေးကွက်တွေမှာ အောင်မြင်ခဲ့လို့ ယူကေကိုလည်း စျေးကွက်ချဲ့မယ့် ရှောင်းမီ

တရုတ်နိုင်ငံ ဘေဂျင်းမှာ အခြေစိုက်တဲ့ ရှောင်းမီကုမ္ပဏီဟာ ၂၀၁၈ ခုနှစ်မှာ ကမ္ဘာ့ စတုတ္ထမြောက် အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီ ဖြစ်ပါတယ်။ သူ့ရဲ့ရှေ့မှာတော့ ဆမ်ဆောင်း၊အက်ပဲလ်နဲ့ ဟွာဝေးတို့ကို ဦးဆောင်နေပါတယ်။

ရှောင်းမီဟာ တခြား ကြိုးမဲ့ ဖုန်စုပ်စက်၊ အမှိုက်လှည်း စက်ရုပ်၊ စမတ် အားကစားဖိနပ် စတဲ့ နည်းပညာ ပစ္စည်းတွေကိုပါ ထုတ်လုပ်နေပြီး အကျော်ကြားဆုံးကတော့ သူတို့ရဲ့ အဓိက ထုတ်ကုန် စမတ်ဖုန်းတွေကြောင့်ပဲ ဖြစ်ပါတယ်။