ဗြိတိသျှ မင်းသားလေး လူဝီရဲ့ တစ်နှစ်မြောက် မွေးနေ့ ဓာတ်ပုံတွေ

ဓာတ်ပုံ ရင်းမြစ်, Duchess of Cambridge
ကိန်းဘရစ်ချ် မြို့စားနဲ့ မြို့စားကတော် တို့ရဲ့ အငယ်ဆုံး သားတော် မင်းသား လူဝီရဲ့ တစ်နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် ဓာတ်ပုံတွေ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။
ဒီဓာတ်ပုံတွေကို နော့ဖို့ခ်မြို့မှာ ရှိတဲ့ အယ်လစ်ဇဘက် ဘုရင်မကြီးပိုင် ဆန်ဒရင်ဂမ် ခြံဝင်းကြီးထဲက မိသားစု စံအိမ်ဝင်းထဲမှာ ကိန်းဘရစ်ချ် မြို့စားကတော် ကက်သရင်း ကိုယ်တိုင် ရိုက်ခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်ကလည်း ဧပြီလ ၂၃ ရက်နေ့မှာ မင်းသား လူဝီ မွေးဖွားပြီးပြီးချင်း သားတော်လေးရဲ့ ပထမဆုံး တရားဝင် ဓာတ်ပုံကို ကက်သရင်းကပဲ ရိုက်ခဲ့ပါတယ်။
မင်းသား လူဝီဟာ ထီးနန်း အရိုက်အရာ ခံယူမယ့် စာရင်းမှာ ပဉ္စမမြောက်နေရာမှာ ရှိပါတယ်။
သူ့ရဲ့ အစ်မ ရှားလက် က လာမယ့် မေလ ၂ ရက်နေ့မှာ ၄ နှစ်ပြည့်မှာ ဖြစ်ပြီး အစ်ကို မင်းသား ဂျော့ဂျ် ကတော့ ဇူလိုင်လ ၂၂ ရက်နေ့မှာ ၆ နှစ် ပြည့်မှာပါ။

ဓာတ်ပုံ ရင်းမြစ်, Duchess of Cambridge
ဒီဓာတ်ပုံတွေကို ပြီးခဲ့တဲ့ အီစတာ တနင်္ဂနွေနေ့မှာ ကျရောက်တဲ့ ဘွားတော် အယ်လစ်ဇဘက် ဘုရင်မကြီးရဲ့ ၉၃ နှစ်မြောက် မွေးနေ့အပြီး ထုတ်ပြန်လိုက်တာပါ။
ဧပြီလကုန် ဒါမှမဟုတ် မေလဆန်းလောက်မှာ ဆပ်ဆက်စ် မြို့စားကတော်က ရင်သွေး ဖွားမြင်ဖို့ ရှိတာမို့ မင်းသားလေး လူဝီအတွက် ဝမ်းကွဲ မောင်နှစ်မ တစ်ဦး ထပ်ရတော့မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Duchess of Cambridge

ဓာတ်ပုံ ရင်းမြစ်, Matt Porteous








